မင်းလွင်ပြင်

လွင်ပြင်မှာ အပြုံးတွေနဲ.ဆုံကြမယ်နော်..

Wednesday, January 7, 2009

ကျနော်ဖတ်မိသော ဟာသတပုဒ်

ဖေဖေါ်ဝါရီလ ၃ ရက်၊ ၂၀၀၇ ခုနှစ်။

ကိုဘမောင် တယောက် မိန်းမ ရသည်မှာ နှစ်ပေါင်း အတော် ရှိလာပြီ ဖြစ်သည်၊

လွန်ခဲ့သည့် လ အနည်းငယ်မှ စ၍ ပြဿနာ စလာခဲ့သည်၊

မိန်းမဖြစ်သူနှင့် ချစ်ကျွမ်းဝင်ရန် ကိုဘမောင် တယောက် မစွမ်းတော့၊

ဆရာဝန်များ တယောက်ပြီး တယောက် ပြောင်းပြသည်၊ ဆေးခန်း ပေါင်းစုံပြီ၊ အင်္ဂလိပ်ဆေး။ တိုင်းရင်းဆေး။ ဆေး မြီးတို စုံအောင် စမ်းပြီးပြီ၊ အဆင်မပြေ၊

ကိုဘမောင် မကျေနပ်၊ အပြင်မှာ တခြား အမျိုးသမီး များနှင့် ကျိုးစား ကြည့်သည်၊

အံ့သြဖွယ် ကောင်းသည်၊ အဆင်ပြေသည်၊

သို့သော် ကိုဘမောင် တယောက် မိမိမိန်းမနှင့်သာ ချစ်ကျွမ်းဝင်လိုသည်၊ သည်လိုနှင့် ဆေးခန်းမျိုးစုံ ထပ်လှည့် ပြန်သည်၊

အရင် တပတ် ကတော့ ကိုဘမောင် တယောက် စိတ်ရောဂါကု ဆရာဝန် တယောက်နှင့် တွေ့သည်၊ ဆရာဝန် ညွှန်ကြား သည့်အတိုင်း စမ်းကြည့်သည်၊ အောင်မြင်သည်၊

မိန်းမ ဖြစ်သူမှာလည်း စိတ်ကျေနပ်မှု ရသည်၊ ယောက်ျားဖြစ်သူ ကိုဘမောင် မိမိနှင့် ပြန်လည် ပျော်ပါး နိုင်ပြီ၊

သို့သော် ချစ်ကျွမ်း မ၀င်မှီ ၁၀ မီးနစ်- ၁၅ မီးနစ် ခန့် ကိုဘမောင် တယောက် ရေချိုးခန်း ထဲကို မိမိ ဓါတ်ပုံ ကိုင်ကိုင်ပြီး ၀င်သွားသည်ကို သတိထားမိ နေသည်၊ မိန်းမ သဘာဝ စပ်စုမိသည်၊ သိချင်သည်၊

ဒီတညတော့ ကိုဘမောင် နောက်တိတ်တိတ် ကလေး လိုက်ချောင်းမည်၊

ကိုဘမောင် ထွက်သွားသည်၊ ၅ မီးနစ် လောက်အကြာ တိတ်တိတ် ကလေး အိပ်ရာမှ ထကာ ရေချိုးခန်း သို့ အသံ မကြားအောင် ကပ်သွားသည်၊

ရေချိုးခန်း မှန်ရှေ့တွင် သူမဓါတ်ပုံကို တလှည့် သူ့ကိုယ်သူ မှန်ထဲတွင် တလှည့် ကြည့်ရင်း ပါးစပ် မှလည်း တတွတ်တွတ် ရွတ်နေသည်ကို တွေ့ရသည်၊ ကိုဘမောင် တယောက် အော်တိုဆပ်ဂျက်ရှင်း နည်းဖြင့် မိမိစိတ်ကို မိမိ နားချနေပုံ ရသည်၊ သူမ ပိုစိတ်ဝင်စား သွားသည်၊ အနားသို့ တတ်နိုင်သမျှ အသံ မထွက်အောင် ကပ်သည်၊ အသံ မသဲမကွဲ ကြားသည်၊ ထပ်တိုးသည်၊ အသံ နည်းနည်း ကြား ရသည်၊ နည်းနည်း ထပ်တိုးသည်၊ ကြားရပါပြီ၊

ကိုဘမောင် တယောက် သူမဓါတ်ပုံ ကြည့်လျက် သူ့ကိုသူ ပြောနေ သည်က -

“ဒါ ငါ့မိန်းမ မဟုတ်ဘူး- ဒါ ငါ့မိန်းမ မဟုတ်ဘူး” ဟူ၍ ဖြစ်သည်၊

**********

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home