မင်းလွင်ပြင်

လွင်ပြင်မှာ အပြုံးတွေနဲ.ဆုံကြမယ်နော်..

Wednesday, February 4, 2009

အခမဲ့နှလုံးသား

ကံကြမာဟာ
တစ်ခါတစ်ခါ မျက်နှာသာမပေးတတ်သူ။
သံသရာဟာ
မကြာမကြာ အချက်အချာရွေးတတ်သူ။
အမှန်မှာ
ငါဟာ...တစ်သက်တာဆွေးတတ်သူ။
အဲသည်လူကိုမှ
ကြည်ဖြူမလို
ကလူသလိုမူနွဲ.
အိမ်မက်တွေဖွဲ.
ညကိုလရောင် နဲ.မြူဆွယ်
ရင်ခုန်သံကြယ်တွေပွင့်ချင်တိုင်းပွင့်။
သည်လိုနဲ.
ညဉ်.နက်နက်ကုန်ဆုံး
နေ.ဟာပြက်လုံးတွေနဲ. ရယ်မောနှိုးထ
အဲဒိခဏ....
ညဟာ...
အိမ်မက်ထဲမှာ တစ်ရေးရလို.။ ။

နတ်သျှင်မြေမှ ရင်ဖွင့်သူများ

***************************************************

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home