ကန်ဇွန်းရွက်ချဉ်ရည်ဟင်း နဲ. ကြက်လည်ချောင်းအာလူးဟင်း
ကန်ဇွန်းရွက် ချဉ်ရည်ဟင်းကလွယ်လွယ်လေးရယ်...ကြက်သွန်နီ ဖြူ နဲ.င့ရုတ်သီးမှုန်.ကိုထောင်း ပြီးရင်ကြော်လိုက် ကြက်သွန်ကြော်နံ.လေးမွှေး ရင်ဆေးထားတဲ့ကန်ဇွန်းရွက်တွေ ထည်.ကြော်လိုက်။ ကန်ဇွန်းရွက်နွမ်းရင် ရေထည်. မန်းကျည်းနှစ်ထည်. ပြီးအဖုံးအုပ်ထားနော် ပွက်ပွက်ဆူလာရင် ငံပြာရည် အချိုမှုန်. ထည်. အရသာမြည်းစမ်းပြီးလိုအပ်တာလေး ထပ်ထည်.ပေါ့...ကောင်းသွားပြီဆိုရင် ကန်ဇွန်းရွက်ချဉ်ရည်ဟင်းနဲ.လိုက်ဖက်မယ့် ဟင်းတခွက်ထပ်ချက်မယ်နော်...
ဒါကတော့ ကြက်လည်ချောင်းနဲ. အာလူးရောချက်ထားတာပါ...ကြက်သွန်အနီ အဖြူကို ငရုတ်သီးမှုန်.နဲ.ဆီသပ် ငရုတ်သီးမှုန်.တွေမတူးစေနဲ.နော်..ဆီသပ်ပြီးရင် ဆေးထားတဲ့ ကြက်လည်ချောင်းတွေ ထည်.ကြော်လိုက် ပျိုကတော့အာလူးဘူးကို သုံးတယ် အထဲမှာပြုတ်ပြီးသားအာလူးတွေက စီးပိုင်နေတာပဲ တော်တော်စားလို.ကောင်းတယ်.. အာလူးမထည်.ခင် ကြက်လည်ချောင်းက မနူးသေးရင် ရေနေတော်လောက်ထည်.ပြီး ဆူအောင်တည်လိုက်ဦးနော်..ရေက ကိုယ်လိုချင်တဲ့ အနေအထားရောက်ပြီ ဆိုရင် အာလူးထည်. ငံပြာရည် နဲ. အချိုမှုန်.ထည်. ပွက်အောင်တည်လိုက် ပွက်ပြီဆိုရင် အရသာမြည်းကြည်. အနေအထားအကုန်ကောင်းရင် စားလို.ရပြီ..
အဲဒိဟင်း၂မျိုးနဲ. ပျို ထမင်းကို တနေ.၄ကြိမ်လောက်စားတယ်..ဟီး...
**********
Labels: ညစာ. မနက်စာ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home