မင်းလွင်ပြင်

လွင်ပြင်မှာ အပြုံးတွေနဲ.ဆုံကြမယ်နော်..

Wednesday, May 27, 2009

မက်မောရာရေ

ကျနော်သတိရနေတဲ့ သူငယ်ချင်းအကြောင်းပြောပြမယ်နော်..သူနဲ.ကျနော်က သူငယ်တန်းထဲက ကျောင်းသွားဖော် ကစားဖက်ဆိုလည်း မမှားပါဘူး...သူ.မိဘတွေက ချမ်းသာကြတယ် ..သူက ရခိုင်နဲ. ဘာနဲ.စပ်သလဲမသိဘူး အသားဖြူဖြူနဲ. ချစ်စရာလေးပါ..သူအမေဆိုရင် ကျနော်နဲ.သူ.ကို အမြဲစာပြိုင်ခိုင်းတာ ..ကျနော်က ပထမရရင် သူက ဒုတိယရတာပါပဲ..ဒီလိုနဲ.ကျနော် တတိယတန်းမှာ ကျောင်းပြောင်းသွားခဲ့တယ်..သူနဲ.အဆက်အသွယ်ပြတ်သွားခဲ့တယ်..ဒီလိုနဲ.နှစ်ပေါင်းများစွာကြာလို. အရွယ်တွေရောက်လာတော့ လုပ်ငန်းခွင် ၀င်ကြတော့ မတွေ.ဖြစ်ကြပြန်ဘူးလေ..မှတ်မှတ်ရရ ကျနော်သူကိုပြန်တွေ.တာ ၂၀၀၄ဒီဇင်ဘာမတိုင် ခင်မှာပါ သူအလုပ်ကနေခွင့်နဲ. ပြန်လာတုန်းကထင်ပါတယ်..ကျနော်တို.ဘုရားကျောင်းကနေ ကယ်ရယ်သီချင်းဆိုဖို. သီချင်းတွေတိုက်တုန်းကပေါ့. ကျနော်အံ့သြသွားပါတယ် သူကသီချင်းဆိုတဲ့ အဖွဲ.မှာ ဂစ်တာတီးမယ်ဆိုပဲ..သူကခရစ်ယာန်တယောက် မဟုတ်ပါဘူး ဒါပေမယ့်ဂစ်တာတီးမယ့်သူလိုနေလို. သူကကူညီတာပါ..ကျနော်တို.နှစ်ယောက်ရင်းနှီးမှုတွေ ပြန်ရခဲ့တယ်..ကျနော်တို.တွေဟာ ကလေးတွေလိုပဲ ပျော်ပျော်ပါးပါးသီချင်းတွေ ဆိုခဲ့ကြတယ်..သူဂစ်တာတီးကောင်းတယ်ဆိုတာ ဒီတော့မှ ကျနော်သိခဲ့တယ်..နှစ်ပေါင်းများစွာ ဝေးကွာသွားပေမယ့် ပြန်တွေ.လိုက်ကြတဲ့အချိန်မှာ တကယ့် လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းတွေလိုပဲ ဖြစ်နေခဲ့တယ်..ခရစ်စမတ်ည ကုန်လွန်သွားပေမယ့်လည်း သူ.ခွင့်ရက်ကမကုန်သေးတဲ့ အတွက် ကျနော်တို.တွေ.ပြီး စကားပြောချိန်တွေ ရခဲ့တယ်..သူက တနယ်တကျေးမှာ အင်ဂျင်နီယာ အဖြစ်တာဝန်ထမ်းဆောင်နေပြီး တောင်ကြီးမှာ သူ.ကောင်မလေးရှိတယ်လို. ကြွားသေးတယ်...ကျနော့်ကိုလည်း
" နင်ကပိန်နေတော့ ဘယ်သူကကြိုက်မလဲ " တဲ့ ..ပြီးတော့ ကျနော်တို.သရဲအကြောင်းဆက်ပြောကြတယ်.. " မင်းပျို ငါသေရင်နင့်အိမ်လာခဲ.မယ် နင့်ခြေထောက်ကိုလာဆွဲမယ်တဲ့ "
" ငါကသူရဲ မကြောက်ဘူး နင်သာလာခဲ့ပါ " လို.ပြန်ပြောခဲ့တယ် ..သူကတော့ရီနေလေရဲ.
သူခွင့်ရက်ပြည်.လို.ပြန်သွားပြီးနောက်ပိုင်း ကျနော်လည်း အလုပ်တွေရှုပ်နေခဲ့ပါတယ်..တရက် အလုပ်သွားခါနီး ကျနော့်ခြံဝင်း တံခါးဖွင့်သံကြားလို. ပြေးကြည်.မိရာ ဘယ်သူမှမရှိပါဘူး ..ကျနော့်စိတ်တွေ လေးကန်စွာနဲ.ပဲ အလုပ်သွားခဲ့တယ်..ကျနော် အလုပ်ကပြန်လာချိန်မှာတော့ သတင်းဆိုးတခုကြားခဲ့တယ် ..ကျနော်.ရဲ. ချစ်လှစွာသော ငယ်သူငယ်ချင်းလေး သေဆုံးသွားလေပြီ..အလုပ်ကိစ္စနဲ. ပဲခူးကိုအသွား ဆိုင်ကယ်မှောက်ပြီး ဆုံးသွားခဲ့ပြီ...
" ဘယ်တုန်းကဆုံးတာလဲ သိကြလား ဟင် "
" ဒီမနက် ၈ နာရီလောက်တုန်း ကပဲ ဖုန်းလာတော့ သူ.အမေတွေသွားတာ အသက်တောင်မမှီလိုက်ဘူး "
ကျနော့်သူငယ်ချင်းလေး ရုပ်အလောင်းကို ပဲခူးမှာတင် သင်းဂြိုလ် လိုက်ကြတဲ့အတွက် ကျနော် မျက်နှာလေးတောင် မမြင်လိုက်ရပါဘူး..သူမရှိမှတော့ ကျနော်သူ.အိမ်လည်းမသွားချင်တော့ပါ..
ကျနော်ဒီနေ.ထိ သူ.ပြောစကားတွေကို နားထဲကြားနေဆဲ ပါ..သူဆုံးသွားစဉ် ကျနော့်ဆီကို လာသွားပါတယ်..ကျနော်မသိလိုက်ပါ..တံခါးဝမှာ ပြုံးပြီးကျနော့်ကိုကြည်.နေမယ့် သူ.မျက်နှာကို မြင်ယောင်ရင်း ကျနော်ကြည်နူးမိတယ် ပြီးတော့ တံခါးဝကို လာကြည်.ပြီးအိမ်ထဲပြန်ဝင်သွားတဲ့ ကျနော့်ကျောပြင်ကို ကြည်.ရင်း ၀မ်းနည်းသွားမယ့် သူ.မျက်နှာကို မြင်မိရင်းလည်း ကျနော်
ဝမ်းနည်းမိပြန်တယ်.. သူဆုံးစဉ်က စပြီး ဒီနေ.ထိ ကျနော်သူ.ကို သတိတရနဲ. ၀မ်းနည်းနေဆဲပါ...



ကျနော်ရေးထားသော အကြောင်းများသည် တကယ့်အဖြစ်အပျက်များ ဖြစ်ပါသည်...



MySpaceGraphicsandAnimations.net

Friend Graphics provided by MySpaceGraphicsandAnimations.net



********

Labels:

3 Comments:

At May 28, 2009 at 5:52 AM , Blogger ကဗျာဦး said...

လာဖတ်သွားပါတယ်

 
At May 30, 2009 at 11:27 AM , Blogger ကိုလူထွေး said...

ဒီနေ့မှတွေ့လို့ လိုက်လာတာ မင်းစောရေးးး

စာဖတ်ပြီး ကြက်သီးဖျန်းဖျန်းထခဲ့ရပါတယ် ဗျာ...

တကယ်ပြောတာပါ...

တင်ပြထားတဲ့ပုံကလဲ စိတ်ဝင်စားစရာပါ...

သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်မိပါတယ်...

ကံတရားပဲပေါ့ဗျာ...

 
At June 9, 2009 at 12:54 AM , Blogger မသက်ဇင် said...

အဲဒါမျိုးတွေ ဖြစ်တတ်တယ်လို့ကြားဘူးတယ်
ခင်မင်လျက်

 

Post a Comment

Subscribe to Post Comments [Atom]

<< Home