မင်းလွင်ပြင်

လွင်ပြင်မှာ အပြုံးတွေနဲ.ဆုံကြမယ်နော်..

Saturday, July 4, 2009

ကျနော် နဲ.ထူးဆန်းသောအရာများ

ကျနော်တို.အဖွဲ.က လူ၅ယောက်ရှိပါတယ်..အားလုံးက အမဲရောင်သေမင်းတမန်လေးတွေကို ပိုင်ဆိုင်ထားတဲ့အတွက် အရေးပါအရာရောက်တဲ့အဖွဲ.လို. ပြောရမယ်..
" ကျနော်တို. ဘယ်ကိုသွားကြမှာလဲ .."
" တို.တွေဘုရားကို သွားကြမယ် ဟိုမှာ ကိုယ့်မိတ်ဆွေ အလှုရှိတယ်..အငယ်လေးကိုယ်တို. သေမင်းလေးတွေကို လုံခြုံတဲ့နေရာမှာ သိမ်းထားလိုက် သကြ`်န်တွင်းဆိုတော့ရေတွေ စိုကုန်လိမ့်မယ်.."
" ဟုတ်ကဲ့ "
ကျနော်က ဒီအဖွဲ.ထဲမှာ အငယ်ဆုံးဖြစ်တဲ့အတွက် အားလုံးက အငယ်လေးလို.ခေါ်ကြတာပါ..ကျနော်သေနတ်ကိုအိတ်တလုံးထဲထည်.ပြီး ဒရိုင်ဘာခုံအောက်ထဲကို ထည်.လိုက်ပြီး နောက်တလက်ကိုတော့ ကျနော်ထိုင်တဲ့ ခုံအောက်မှာ တိပ်နဲ.ကပ်ထားလိုက်ပါတယ်..ကျန်တဲ့သူတွေကတော့ ကိုယ့်အစီအစဉ်နဲ.ကိုယ်သိမ်းကြလေရဲ. ။
ကျနော်တို.ကားလေးက လမ်းပေါ်တရိပ်ရိပ်ပြေးနေချိန်မှာ အားလုံးက အတွေးကိုယ်စီနဲ.ငြိမ်နေကြပါတယ်..ကျနော်ကတော့ လမ်းပေါ်က ရေပက်နေကြတဲ့သူတွေကို ကြည်.ရင်း ပျင်းစ၇ာကောင်းလိုက်တာလို.ထင်မိတယ်..ကြည်.လေ ကျနော်တို.တွေခုထိရေမဆိုသေးဘူး...ကျနော် မနေနိုင်တော့ပါ စကားပြောချင်တယ်.
" ကိုAKM ကြီး လမ်းပေါ်မှာ ရေပက်တဲ့သူတွေကလည်း ကြဲလိုက်တာ ..ခုထိရေမစိုသေးဘူး."
" မင်းကရေစိုချင်တာလား..ရှေ.မှာ ရှိပါတယ် အဲဒိရောက်ရင်မင်းရေစိုရစေမယ်.."
ဆီဆိုင်လို.ထင်ပါတယ် ..ဆိုင်ရှေ.မှာ ကိုAKM ကကားကိုရပ်လိုက်ရင်း ဆိုင်ထဲဝင်သွားပါတယ်..ကျနော်ကားပေါ်ကမဆင်းပဲ ဘေးဘီဝဲ ယာကို အကဲခတ်နေမိပါတယ်..မဆိုးပါဘူး လက်ဖက်ရည်ဆိုင်လေးလဲရှိတယ်..ကိုယ့်အတွေးနဲ.ကိုယ်မျောနေတုန်း ရေတွေစိုကုန်တာကို သတိထားမိပါတယ်..လူတယောက်က ရေလောင်းနေတာပါ..ထိုလူက ပိန်ကပ်ကပ်နဲ.ဆေးရုပ်ပေါက်နေပါတယ်..ကျနော်စိတ်မ၀င်စားပါ ထိုငနဲကတော့ ရေကိုဇိမ်ဆွဲပြီးလောင်းနေလျှက်ပဲ..ကားနောက်ခန်းမှာထိုင်နေကြတဲ့ ကိုကုလား ၊ ကိုစိုင်း ၊ကိုဂျူး တို.က ကျနော်ဖြစ်ပျက်နေပုံကို ကြည်.ရင်း ရီနေကြပါတယ်..သူတို.စိတ်ထဲမှာတော့ ရေစိုချင်တဲ့အငယ်လေး ကောင်းတယ်လို.ထင်နေမှာပါပဲ..
ဟော..ကိုAKM ကြီးပြန်လာပြီ..ကျနော်တို.တွေ ဘုရားဆီကို ဦးတည်သွားနေသည် မိနစ်၃၀ ကြာမှာတော့ ဘုရားခြေရင်းရောက်ပါပြီ..အားလုံးကားပေါ်ကနေဆင်းကြပေမယ့် ကျနော်မဆင်းသေးပါဘူး ..ကျနော်.ပစ္စည်းတွေကို ဟိုထည်.ဒီထည်.နဲ.သိမ်းနေတုန်း ဘုရားပေါ်မှာ ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ပြီ..ကို AKM တို.အသံတွေကလည်းဆူညံလို. ကျနော်ကားပေါ်ကဆင်းပြီးကြည်.လိုက်တယ်ဆိုရင်ပဲ
"အား..လုပ်ကြပါဦး.."
"ကယ်ကြပါ...ပြေး.ပြေး ဟိုဘက်ကိုပြေးကြ..ဘာလို.ရပ်နေကြတာလဲပြေးကြ.."
"ဒီဘက်ကိုလာနေပြီ..ဒီဘက်ကိုလာနေပြီ..ပြေးလေ သေသွားချင်လို.လား.."
"အား...အမလေး ကယ်ကြပါ.."
"ဟီး..မေမေရေ...ဟီး..မေမေရေ .."
ကျနော်မြင်လိုက်ရတာကဘုရားပေါ်က လူတွေကဟိုပြေးဒီပြေးနဲ. ကလေးတွေကလည်းငိုပြီး မိဘတွေနဲ.တကွဲတပြားစီ အကြောင်းရင်းကတော့ တကိုယ်လုံး ရွေရောင်ရှိတဲ့ ကျွဲတကောင်က လူတွေကြားထဲမှာ ပြေးလွှားနေပါတယ်..ကို AKM တို.၄ယောက်ကိုကြည်.လိုက်တော့ ဘုရားရဲ.စောင်းတန်းလှေကားခြေရင်းမှာပါ..သူတို.လည်း ဘာလုပ်ရမယ်မှန်းသိမယ်မထင်ပါဘူး..ဘုရားပေါ်ကို ပြန်ကြည်.လိုက်တော့ မိန်းမ၆ယောက် လောက်ရှိမယ် ကျွဲရဲ.နောက်ပိုင်းကို ၀ိုင်းထားပြီးရေလောင်းနေကြတယ်..ကျွဲရဲ.ခေါင်းက အခန်းလေးတခုထဲ ၀င်နေတယ်...
အရာအားလုံးကတိတ်ဆိတ်သွားပါပြီ.. အလှုရှင်က ကျနော်တို.အဖွဲ.ကို အဖွဲ.ကို ကြိုဆိုရင်း
" စောနက ကျွဲခတ်တာ ကွန်ပြူတာခန်းက လူ၂ယောက်သေသွားတယ်.."
ကိုAKM တို.ဆီက တုန်.ပြန်သံမကြားရပါ..ဘုရားပေါ်ရောက်တော့ ကျနော် သူတို.အနောက်ကနေလိုက်ရင်းဟိုကြည်.ဒီကြည်. လုပ်မိရာ မိန်းမကို ယောက်ျားလုပ်သူက ကြိတ်ပြီးငေါက်ငန်းနေတာကို လူ၎ ၊၅ယောက်လောက်ကကြည်.နေပါတယ်..မိသားစုဝင်တွေလို.ထင်တာပါပဲ..ကျနော်နားစွင့်မိရာ
"မင်းဘယ်လိုလုပ်လိုက်တာလဲ.".
"အဟင့် ..ဟင့်. ကျမ အလှုအတွက်နတ်ပွဲတွေပေးတာ နတ်တပါးကို ပွဲပေးဖို.ကျန်ခဲ့တာမသိလို.ပါရှင်.".
အင်း..ဟိုရွေရောင်ကျွဲကြီးက နတ်ကျွဲကို ငါမသိသေးတာတွေလည်းရှိတာပဲ..လူ၂ယောက်သေတာမဖြစ်နိုင်ဘူး ..ဘာမှသွေးထွက်သံယိုလည်းမတွေ.ဘူး ..ပြီးတော့ကို AKM တို.ကလည်းအေးဆေးပဲ..ကျနော်လမ်းလျှောက်နေတုန်း အသံလေးတခုကြားလိုက်ရပါတယ်..
"ဥုံ .သျှရီ..သျှရီ.."
"ဥုံ...သျှရီ..သျှရီ"
ထူးဆန်းပါသည်..ဘုရားပေါ်က တိတ်ဆိတ်တဲ့နေရာ ကြမ်းပြင်ပေါ်မှာ ဖက်ဖူးစိမ်းရောင် ငှက်ကလေးလမ်းလျှောက်ရင်းနဲ. ဆိုနေတဲ့အသံပါ.. ကိုကုလားက ငှက်လေးကိုဖြတ်ကျော်သွားလို. တော်တော်ဝေးဝေးရောက်နေပြီ..ကျနော်ထိုငှက်ကလေးဘေးကနေကျော်သွားဖို. ၀န်လေးနေပါတယ်..အမှန်အတိုင်းဆိုရရင် စောစောနကဖြစ်ပျက်ထားတဲ့ မြင်ကွင်းတွေကြောင့် ငှက်ကလေးက ငါ့ကိုထိုးဆိတ်မလားဆိုပြီးတော့..စိုးရိမ်နေခဲ့တာပါ..ကျနော် ငှက်ကလေးနဲ.ဝေးရာကို နောက်ပြန်ဆုတ်ရင်း နံရံရဲ.တဖက်မှာလူသံတွေကြားလို. ဒီငှက်အကြောင်းမေးမယ်လို.စိတ်ထဲမှာရည်ရွယ်ပြီး အပြင်ကိုထွက်လိုက်ပါတယ်..မိန်းမတွေ ၊ယောကျာ်းတွေကနံရံနဲ.ကပ်ထိုင်နေကြပြီး သူတို.ရှေ.တွေမှာ ငှက်အစိမ်းလေးတွေ ကိုယ်စီရှိကြပါတယ်..
"ကလေး ငှက်ဗေဒင်မေးမလို.လား.."
မိန်းမကြီးတယောက်က ကျနော့်ကိုမေးရာ .သြော် ငါငှက်ဗေဒင်အတန်းကိုရောက်နေတာကိုး..
"ဟိုနားက ငှက်ကလေးက ထိုးဆိတ်တတ်လားမေးမလို.ပါ.."
မိန်းမကြီးက ကျနော့်ကို ထိုငှက်ကလေးရှိရာ ခေါ်သွားရင်း
"ဒါ အဒေါ့်ငှက်ကလေးပါ..ဗေဒင်ပြောတဲ့ ငှက်ကလေးပေါ့..ကလေးကြိုက်တာ၂ခုမေးလေ.."
မိန်းမကြီး သည် ထိုငှက်လေးကို ဆွဲယူရင်းအတောင်၂ဖက်ကြားထဲ စာရွက်လေးတရွက်ထည်းလိုက်ပါတယ်..ထိုမိန်းမကြီးရဲ.အသံ အလွန်စွဲဆောင်မှုအားကောင်းပြီး သူမလုပ်ပုံ ကိုင်ပုံ အသံအောက်မှာ ကျနော်ဟာ ကြိုးဆွဲအရုပ်တရုပ်လိုပါပဲ..သူမဧ။် ငှက်ကလေးမှာလည်းတခြားငှက်တွေနဲ.မတူ တမူထူးခြားလှနေပါတယ်..
"ကဲ..သိချင်တာ၂ခုမေးလေ.."
"ဟုတ်ကဲ့..ဖူးစာရှင်ကို သိချင်ပါတယ်."
"ဗုဒဓဟူးသား ..၁၅၅ ပေါင်ရှိတယ်.."
ကျနော်ပြုံးလိုက်ပါတယ်..သူမချက်ချင်းဖြေနိုင်တဲ့အတွက်လည်း သဘောကျမိပါတယ်..သူမအားဥာဏ်ပူဇော်ခပေးရင် ကျနော်.မှာပိုက်ဆံ မရှိပါ ..ဟော ကိုစိုင်းကျနော်ရှိတဲ့ဘက်ကို လာနေတယ်..
"ကိုစိုင်း..ပိုက်ဆံရှိရင် နည်းနည်းလောက်မျှခဲ့ပါ.."
"ဒီမှာ..တရွက်ယူထား ကိုယ်ကားထဲမှာသွားယူပေးမယ်.."
"ကလေးနောက်တခုမေးလေ.."
"သူငယ်ချင်း.."
"သူငယ်ချင်းနဲ.ပတ်သက်လို.တော့ အရမ်းကောင်းပါတယ်.."
ကျနော်မေးချင်တာ ဒါမဟုတ်ပါ အယောင်ယောင်အမှားမှားနဲ. သူငယ်ချင်းလို.ပြောလိုက်ခြင်းသာပါ..ထားပါတော့လေ..ဗေဒင်မေးခြင်းကပြီးသွားပြီ..ငှက်ကလေးလဲ ဘယ်ရောက်သွားမှန်းမသိပါ ..ထိုငှက်ကလေးရဲ. အသံမှာ ကျနော်တဦးတည်း ကြားရခြင်းသာဖြစ်ပြီး..ပိုင်ရှင်ကိုယ်တိုင် ငှက်ကလေး ထိုသို.ပြောတတ်မှန်းသိမည် မထင်..
"အငယ်လေးဒီမှာ ပိုက်ဆံ.ရော."
ကိုစိုင်းက ကျနော်.ကို ပိုက်ဆံ အထပ်လိုက်ပေးသွားပါတယ်..ကျနော်မမြင်ဘူးသော ပိုက်ဆံတွေပါ အစိမ်းတွေလည်းပါပါတယ်..
"အဒေါ်ကြီး ထမင်းစားပြီးပြီလား.."
"ပြီးပါပြီကွယ်..မနေ.ကတည်းက ကြက်သားဟင်းလေး စားချင်နေတာ.."
"၀ယ်စားပေါ့ အဒေါ်ရဲ."
"မစားနိုင်ပါဘူးကွယ်..ဈေးကြီးရကြီးနဲ."
အဒေါ်ကြီးပုံက ကြက်သားဟင်းကို အလွန်တောင့်တနေတယ်ဆိုတာ သိသာလှပါတယ်..၀ယ်ကျွေးလိုက်မယ်လေ..သူမက ဗေဒင်ဟောခလည်း ဘာမှမပြောပါ..အလကားဟောပေးတဲ့ပုံပါပဲ..အင်း..နေရာင်ကြီးကလည်း ပိုလင်းလာသလိုပဲ..အလင်းကလည်းမျက်လုံးပိတ်ထားတာတောင်စူးတယ်..အလင်းကိုကျောခိုင်းပြီးမျက်လုံး ဖွင့်လိုက်မယ်..ဟင်း..အခုမှပဲ သက်သာသွားတော့တယ်..ကျနော့်မျက်စိရှေ.မှာ ဘုရားလည်းမရှိတော့ပါ..မိန်းမကြီးလည်းမရှိ..အညိုရောင် ၀က်သစ်ချ စားပွဲသေးလေးနဲ. ထိုအပေါ်က မီးတိုင်လေးသာ..နာရီကိုကြည်.မိရာ ..သြော် ၉နာရီတောင်ခွဲမပေါ့..ကျနော်အိပ်မက်ဝတ်ရုံကြီးကို ခွာချရင်း မျက်နှာသစ်ဖို. ထွက်သွားပါပြီ.....
**********

Labels:

1 Comments:

At July 4, 2009 at 11:17 PM , Blogger ahphyulay said...

လာဖတ်နေတယ်နော်..။အိပ်မက်ဆိုတာ
စွဲမိတဲ့  အာရုံတွေကို ဖွဲ့ စည်းပြီးမှမက်တယ်လို့ ထင်ပါ
တယ်။

 

Post a Comment

Subscribe to Post Comments [Atom]

<< Home