မင်းလွင်ပြင်

လွင်ပြင်မှာ အပြုံးတွေနဲ.ဆုံကြမယ်နော်..

Thursday, July 23, 2009

ကြက်အသဲအမြစ်ကြာဇံကြော်


ကျနော်က အခုမှတုံးတာအတာမဟုတ်ပါဘူး ငယ်ငယ်ထဲကပါ..ကျနော်အသက် ၈နှစ်လောက်မှာပေါ့ အဖေနဲ. အမေက တရားဝင်ကွဲကြ ပြီးနောက်ပိုင်း ကျနော်က ကျောင်းပိတ်ရင် အဖေနဲ.သွားနေပါတယ်..ကျနော့်အဖေက ကျနော့်လက်ကိုဆွဲပြီး အိမ်တအိမ်ကို သွားလည်လေ့ရှိတယ်..အဲဒိအိမ်က အန်တီတွေကလည်း သဘောကောင်းတယ်..ကျနော့်အဖေကြိုက်တတ်တဲ့ ဘလက်ကော်ဖီတိုက်ပြီး ကျနော့်ကိုလည်းဘာစားချင်လဲ အမြဲမေးလေ့ရှိတယ်..သဘောအကောင်းဆုံး ကတော့ အန်တီလှိုင်ပဲ (အဲဒိတုန်းကအထင်ပါ အခုမဟုတ်ဘူး) သူက ကျနော်ကြိုက်တတ်တဲ့ကြက်အသည်းအမြစ်ကြာဇံကြော်ကို ၀ယ်ကျွေးလေ့ရှိတယ်..

ဒီလိုနဲ.တရက် ကျနော့်အဖေ ဘယ်သွားမှန်းမသိပါဘူး ၃ ၊၄ ပတ်လောက်ပျောက်သွားတယ်..ကျနော့်အဖေပြန်လာတော့ ကျနော့်ကိုပြောတယ် သူမိန်းမယူရတော့မယ်တဲ့ ..ကျနော်ကလည်း မယူပါနဲ.လားလို. ပြန်ပြောလိုက်တော့ မယူလို.မရတော့ဘူးတဲ့...အန်တီလှိုင်နဲ. သူ.ညီမနဲ. ဘယ်သူ.ကိုယူရမလဲတဲ့ ..ကျနော့်အဖေက ကျနော့်ကိုရွေးခိုင်းနေတာ ကျနော်မသိဘူး..ကျနော်လည်း အသဲအမြစ်ကြာဇံကြော်မျက်နှာနဲ. အန်တီလှိုင်လို.ပြောလိုက်တယ်..ဇာတ်လမ်းက အဲဒိမှာစတော့တာပဲ မကြာခင်မှာကျနော့်အဖေက အန်တီလှိုင်နဲ.ယူလိုက်တယ်..သူက ကျနော့်အဖေနဲ.ကျနော့်ကို တဖြည်းဖြည်းဝေးအောင်လုပ်တော့တာပါပဲ..သူကဝေးအောင်လုပ်လေ ကျနော်က ကျနော့်အဖေနဲ.နီးနီးနေချင်လေပဲ..သူတို.တွေသားလေးမွေးတော့ ကလေးလေးကို ကျနော်ခင်တယ် .ကျနော် ဆယ်ကျော်သက်ရောက်တော့ ကောင်လေးကကျောင်းနေပြီ..လမ်းမှာတွေ.ရင်ကောင်လေးက ကျနော့်ကိုခေါ်ပါတယ်..သူ.အဒေါ်တွေ ပါရင်တော့ ကောင်လေးကမခေါ်ရဲဘူးဗျ...သူတို.မှာ သမီးတယောက်လည်းရှိသေးတယ် အဲဒိကောင်မလေးငယ်ငယ်ထဲက ကျနော်ကြည့်လို.မရတာ ..ထားပါတော့ လွန်ခဲ့တဲ့၁၅ ကစပြီးကျနော်သူတို.ကို စိတ်မ၀င်စားတော့ပါဘူး ၊ ကျနော့်အဖေကိုရောပေါ့ ..ကြာဇံကြော်လား အန်တီလှိုင်က ကျနော့်အဖေကိုရပြီးကတည်းက ကျနော်

ကြာဇံကြော်မစားရတော့ပါဘူး...ကျနော့်အဖေကိုမမုန်းသလို အသဲအမြစ်ကြာဇံကြော်ကိုလည်း ကျနော်မမုန်းပါဘူး..

**********

Labels:

4 Comments:

At July 24, 2009 at 12:46 PM , Blogger Unknown said...

ကြက်အသဲအမြစ်နဲ့ကြာဇံကျော်တောင် မစားချင်တော့ဘူးကွာ..ဒီပိုစ့်ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်သွားတယ်ကွာ..ပျော်ရွှင်ပါစေ။

 
At July 24, 2009 at 10:53 PM , Blogger မြစ်ကျိုးအင်း said...

အဲဒီတုန်းကရိုရိုးသားသားကြော်ကျွေးတာများလား

သမီးဖြစ်သူကို ဖားရတာလား...
ကြာဇံကြော် မကျွေးတဲ့ နောက်အဒေါ်တယောက်
ဆိုရင်ရော သဘောတူမှာ မဟုတ်လောက်ဘူး...
ပြိုကွဲ၇တဲ့ မိသားစုတွေ အကြောင်းဖတ်တိုင်း စိတ်မကောင်းဖြစ်မိတယ်...။
တကယ့်ဇာတ်လမ်းလေးလား ငါ့ကိုတွေ့ရင် ပြောအုံးဟ

 
At July 25, 2009 at 7:52 AM , Blogger ကိုလူထွေး said...

ဖတ်ရတော့ စိတ်ထဲ ဘယ်လိုကြီးဖြစ်မှန်းမသိဘူး...

လူကြီးတွေရဲ့ လုပ်ရပ်က တခါတရံမှာ ကလေးတွေရဲ့ အတွင်းဆုံးအထိ ထိုးနှက်နိုင်ကြတယ်...

ကိုယ့်အလှည့်မှာ ဒါမျိုးမလုပ်မိဖို့ သင်ခန်းစာယူတတ်ရမယ်...

ခင်တဲ့...
ကိုလူထွေး

 
At July 27, 2009 at 2:40 PM , Blogger ဇော် said...

စိတ်မကောင်းဘူးဗျာ။ =(

 

Post a Comment

Subscribe to Post Comments [Atom]

<< Home