မင်းလွင်ပြင်

လွင်ပြင်မှာ အပြုံးတွေနဲ.ဆုံကြမယ်နော်..

Tuesday, August 25, 2009

မွေးနေ.လက်ဆောင်

လက်ဆောင်က ဘူးလေးထဲမှာရှိတယ်နော်..


ဒါက ခြေချင်းမှာဝတ်တာနော်..


ဒါလေးကချစ်စရာလေးနော်..စာတန်းတွေဘာတွေ ဖတ်မနေနဲ. ဒါ music box နော်.



ဒါကတော့မာဘယ်နဲ.တူတယ်..အိမ်မှာတပ်ဖို.သယ်သွားကြ..


ကြိုက်ရင်ယူသွား..



နာရီလေးရဲ. မွေးနေ.ရှင်ကဘယ်သူဖြစ်မလဲ..


ပန်းကြိုက်တဲ့သူအတွက် ပန်းစည်းလေးပါ..ဒါကိုယ်တိုင် ၀ယ်ပြီးရိုက်ထားတာပါ..

သူငယ်ချင်းအားလုံး မွေးနေ.ပြီးသွားတဲ့သူတွေရော မပြီးသေးတဲ့သူတွေရောအတွက်ကျနော် အမှတ်တရလက်ဆောင်ပေးချင်ပါတယ်..နှစ်သက်ရာကို မွေးနေ.လက်ဆောင်အဖြစ်ယူသွားကြနော်..

*********

Labels:

Monday, August 24, 2009

သယ်ရင်းတို.ရေ

ကျနော့် ဘလောဂ်ကိုပြင်ရင်းကွန်ပျူတာမှာ ဘယ်လိုပိုးဝင်သွားမှန်းမသိဘူး..ဘယ်လိုမှလုပ်မရတဲ့အဆုံး ကွန်ပျူတာအသစ်ဝယ်လိုက်ရပါတယ်..မနေ.ကမှဝယ်တာပါ...ဒီပိုးကြောင့်ကျနော်လည်း၃ . ၄ရက်လောက် ကွန်ပျူတာမသုံးဖြစ်ဘူး..ဒီအတောအတွင်းမှာ လာလည်တဲ့သူငယ်ချင်းအားလုံးကို ကျေးဇူးတင်တယ်နော်..အလျှော်ပေးတဲ့အနေနဲ. ဓာတ်ပုံတင်ပေးပါမယ်..သူငယ်ချင်းတွေအနေနဲ.လည်း စောမင်းပျိုဆိုတာ ဘယ်လိုပုံကြီးလဲလို. သိချင်နေလိမ့်မယ်လို.ထင်ပါတယ်..ကျနော့်သူငယ်ချင်းတယောက်ကိုလည်း ဓာတ်ပုံပြမယ်လို. ကတိပေးထားတယ်လေ...
ပဲများနေတုန်းနှာခေါင်းယားလို.ကုတ်လိုက်တာ..အဲလိုဖြစ်သွားတယ်.. ကတိတည်တယ်နော်..

သူငယ်ချင်းတယောက်ကိုစချင်လို.၀တုတ်ကြီးပုံတင်ပေးလိုက်တာပါ..ပန်းတွေနဲ.ဝေနေတာ ကျနော်စောမင်းပျိုအစစ်ပါပဲ..









သူငယ်ချင်းအားလုံးကြေနပ်မယ်လို.ထင်ပါတယ်..

**********

Labels:

Friday, July 17, 2009

မချစ်စုနဲ.ရင်ကွဲ


အလယ်တန်းကျောင်းလေးတခုက စတုတ္ထတန်းက ဇာတ်လမ်းလေးပါ..အသားဖြူဖြူ သွယ်သွယ် ဆံပင်ဂုတ်ဝဲ
နဲ.ကောင်မလေးမှာသူငယ်ချင်းလေးယောက်ရှိခဲ့တယ်..သဇင် ၊ မာလွင် နဲ.ယဉ်ဝင်းက အသက်၁၀နှစ်ကျော်ပေမယ့် ၊ယဉ်ဝိုင်းက အသက်၉နှစ်နဲ. ၊ကောင်မလေးက အသက်၈နှစ်ကျော်ပဲ ရှိသေးတယ်..သူငယ်ချင်းတွေက ကောင်မလေးကို ဘိုမလို.ခေါ်ကြသတဲ့...
တနေ.သူတို.စတုတ္ထတန်းကို ကောင်လေးတယောက် ကျောင်းပြောင်းလာတယ်..ကောင်လေးကလည်းချောချောလေးပဲတဲ့..မကြာခင်မှာပဲ ကောင်မလေးတို.အဖွဲ.နဲ.ကောင်လေးက သူငယ်ချင်းတွေဖြစ်သွားကြတယ်..အတန်းထဲမှာ စာရတဲ့သူက မရတဲ့သူကို နားရွက်ဆွဲရတဲ့အခါ ကောင်မလေးက ကောင်လေးအပါအ၀င်အခြားကျောင်းသားတွေကိုလည်း နားရွက်ဆွဲရတယ်..ကောင်လေးအလှည်.တွေမှာတော့ သူငယ်ချင်းဖြစ်တဲ့အတွက် မနာအောင်ဆွဲလေရဲ. ။တရက်သောနေ.ရဲ.
မုန်.စားဆင်းချိန်မှာ သဇင်နဲ.မာလွင်က ကောင်မလေးကို မုန်.စားတန်းကို ခေါ်သွားပြီး
"ဘိုမ နင့်ကိုဟိုတယောက်ကပေးစရာရှိလို.တဲ."
"ဘာလဲ"..
"နင်ကလဲသူပေးတာယူပြီး စကားလေးဘာလေးပြောလိုက် ပြီးရင်ဒါတွေပေးလိုက်"
သဇင်နဲ.မာလွင်က ကောင်မလေးကို တွန်းတွန်းတိုက်တိုက်နဲ.ကောင်လေးရှေ့ကို ပို.လိုက်ပါတယ်..ကောင်လေးက ကောင်မလေးကို မက်မန်းပေါင်းလေးတထုပ်ပေးရင်း
" နင်မက်မန်းပေါင်းကြိုက်လား ".." ကြိုက်တယ် ဂျင်းတွေတော့ငါမကြိုက်ပါဘူး.ရော့ဒီမှာ နင့်အတွက်တဲ့ ငါသွားတော့မယ်..."
ကောင်မလေးကကောင်လေးကို ရုပ်ရှင်မင်းသားမင်းသမီးပုံတွေပေးပြီးထွက်သွားပါတယ်..ကောင်မလေးမသိတာကတော့ သူငယ်ချင်းတွေက ကောင်လေးနဲ.လက်ဝါးရိုက်ပြီး အောင်သွယ်နေတာကိုပါ..
နှင်းတွေကျနေတဲ့တရက် ကောင်မလေးက ကျောင်းနားက ခရေပင်အောက်မှာ ခရေပန်းကောက်နေတုန်း ကောင်လေးရောက်လာပြီး ကောင်မလေးလက်ထဲကပန်းတွေကို လုသွားပါတယ်..ကောင်မလေးလည်း နောက်ကနေ ပြေးလိုက်ရင်း ကောင်လေးရဲ. ဂျာကင်အနီရောင်လေးကိုဆွဲလိုက်တဲ့အခါ..ဂျာကင်အိတ်ထဲကနေ စာတွေထွက်ကျလာရော...

" ဒါနင်ရဲ.ပြန်စာတွေလေ ငါ့ အိတ်ထဲမှာ အမြဲသိမ်းထားတာ.."

" ဒါ ငါပေးတဲ့စာတွေ.."

ကောင်မလေး စဉ်းစားရပါပြီ..ဒီကောင်လေးကို တခါမှ စာမပေးဘူးပါ..သူငယ်ချင်းတွေလက်ချက်ပဲဖြစ်မယ်..

ကောင်မလေးရဲ.ဒေါသကို သူငယ်ချင်းတွေလည်းတောင်းပန်လို.မရတော့ပါ..နောက်ဆုံးတော့ ဆရာမဆီကို ရောက်သွားပါတယ်..

" သမီး ဒီစာတွေသမီးရေးတာဟုတ်လား "

" သူငယ်ချင်းတွေက သူတို.အတွက်ရေးပေးပါဆိုလို. သူတို.ပြောသမျှတွေ ရေးပေးခဲ့တာပါ..ဒီကောင်လေးကိုလည်း တခါမှ မပေးဘူးပါဘူး..သူပေးတဲ့စာတွေဆိုတာလည်း တခါမှသမီးဆီမလာပါဘူး..သူနဲ.လည်း သူငယ်ချင်းပါပဲ ဘာစိတ်မှမရှိပါဘူး "

၇ှင်းပါပြီ..တကယ်တော့ သဇင်တို.က ကောင်မလေးကိုစာလိမ်ရေးခိုင်းပြီး ကောင်လေးကိုပေးတယ်..ကောင်လေးပေးတဲ့စာတွေကို သူတို.တွေ ဖတ်ကြတယ်..ဆရာမကလည်း ကောင်လေးမိဘတွေ ခေါ်ပြောတာပေါ့...ကောင်လေးအဒေါ်တွေက ကောင်မလေးကို ဘာပြောသွားလဲသိလား.." ငါ့တူနဲ.နင့်ကို သဘောမတူဘူးတဲ့.".. ဒီစကားတွေကို အသက်၈နှစ်အရွယ် ကောင်မလေးက ဘာနားလည်မှာလဲ..ဟုတ်တယ်နော်..အဲဒိကောင်လေးလဲ အတန်းထဲမှာ ရင်ကွဲဆိုတဲ့ ရာထူးရသွားပြီးတော့ ကျောင်းသူလေးတယောက်ကို မနှင်းဆီလို.နာမည်ပေးပြီး လိုက်ကြွေသေးတယ်..ဟိုက လှည်.တောင်မကြည့်ဘူး...နောက်တော့ အတန်းထဲက မချစ်စုဆိုတဲ့ ချစ်စရာကောင်းတဲ့ကောင်မလေးကို လိုက်ရောတော့ .. အားလုံးက သူတို.နှစ်ယောက်ကိုတွေ.ရင် မချစ်စုနဲ. ရင်ကွဲလို.ခေါ်ကြတယ်.. အဲဒိ ကောင်လေးရဲ.မိဘတွေက ကောင်လေးကို ကျောင်းထုတ်ပြီး ပြောင်းသွားကြတယ်လို. ကြားတာပဲ ...

၁၅နှစ်ကြာတဲ့အခါမှာတော့ ကောင်လေး မိန်းမယူသွားတယ် ၊ ကောင်မလေးကတော့ တယောက်တည်းပဲလို. သူငယ်ချင်းတွေ အသိုင်းအ၀ိုင်းမှာ ကြားရပြီးတော့...

နောင်၆နှစ် အကြာ ကောင်မလေးတယောက်က လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်း ကောင်လေးတယောက်ရောက်လာပြီး .." နင်ဒီမှာ ဘာလုပ်နေတာလဲ."." ထိုင်နေတာပေါ့ မမြင်ဘူးလား.".

" နင်ဒီလိုနေတာငါမကြည်.ရက်ဘူး ." ." ငါကဘာလုပ်နေလို.လဲ." ." ငါနဲ.နင်က အချစ်ဦးတွေပါဟာ နင့်စကားတွေက စိမ်းကားလိုက်တာ."." ငါ နင့်ကို ဘယ်တုန်းကမှ မချစ်ခဲ့တဲ့အတွက် အချစ်ဦးဆိုတာလည်းမရှိဘူး. နင်သွားမလား မသွားဘူးလား ငါပုလင်းနဲ.ရိုက်ထည့်လိုက်မယ်နော်.".

" နင်ရိုက်မယ်ဆိုရင် ရိုက်ပါဟာ.နင်စိတ်ချမ်းသာတာပဲ ငါမြင်ချင်တာပါ." ." နင်ငါ့ကိုစိတ်ချမ်းသာစေချင်ရင် ငါ့ရှေ.ကထွက်သွားပါ. ဘယ်တော့မှ ငါ့မျက်စိရှေ.ကို ပြန်မလာပါနဲ. " ကောင်မလေးက ပြောပြီး လှည့်ထွက်သွားတဲ့အချိန်မှာ ကောင်လေးလည်းထွက်သွားမယ်လို.ထင်ပါတယ်..



***မှတ်ချက်...ကောင်လေးကောင်မလေးကို စကားပြောတုန်းက ကောင်လေးကမူးနေပါတယ်..သူငယ်ချင်းတို. ကောင်လေးနဲ.ကောင်မလေးကို ဘယ်လိုမြင်တယ်ဆိုတာ ကျေးဇူးပြုပြီးပြောခဲ့ပေးပါ..

**********

Labels:

Wednesday, May 27, 2009

မက်မောရာရေ

ကျနော်သတိရနေတဲ့ သူငယ်ချင်းအကြောင်းပြောပြမယ်နော်..သူနဲ.ကျနော်က သူငယ်တန်းထဲက ကျောင်းသွားဖော် ကစားဖက်ဆိုလည်း မမှားပါဘူး...သူ.မိဘတွေက ချမ်းသာကြတယ် ..သူက ရခိုင်နဲ. ဘာနဲ.စပ်သလဲမသိဘူး အသားဖြူဖြူနဲ. ချစ်စရာလေးပါ..သူအမေဆိုရင် ကျနော်နဲ.သူ.ကို အမြဲစာပြိုင်ခိုင်းတာ ..ကျနော်က ပထမရရင် သူက ဒုတိယရတာပါပဲ..ဒီလိုနဲ.ကျနော် တတိယတန်းမှာ ကျောင်းပြောင်းသွားခဲ့တယ်..သူနဲ.အဆက်အသွယ်ပြတ်သွားခဲ့တယ်..ဒီလိုနဲ.နှစ်ပေါင်းများစွာကြာလို. အရွယ်တွေရောက်လာတော့ လုပ်ငန်းခွင် ၀င်ကြတော့ မတွေ.ဖြစ်ကြပြန်ဘူးလေ..မှတ်မှတ်ရရ ကျနော်သူကိုပြန်တွေ.တာ ၂၀၀၄ဒီဇင်ဘာမတိုင် ခင်မှာပါ သူအလုပ်ကနေခွင့်နဲ. ပြန်လာတုန်းကထင်ပါတယ်..ကျနော်တို.ဘုရားကျောင်းကနေ ကယ်ရယ်သီချင်းဆိုဖို. သီချင်းတွေတိုက်တုန်းကပေါ့. ကျနော်အံ့သြသွားပါတယ် သူကသီချင်းဆိုတဲ့ အဖွဲ.မှာ ဂစ်တာတီးမယ်ဆိုပဲ..သူကခရစ်ယာန်တယောက် မဟုတ်ပါဘူး ဒါပေမယ့်ဂစ်တာတီးမယ့်သူလိုနေလို. သူကကူညီတာပါ..ကျနော်တို.နှစ်ယောက်ရင်းနှီးမှုတွေ ပြန်ရခဲ့တယ်..ကျနော်တို.တွေဟာ ကလေးတွေလိုပဲ ပျော်ပျော်ပါးပါးသီချင်းတွေ ဆိုခဲ့ကြတယ်..သူဂစ်တာတီးကောင်းတယ်ဆိုတာ ဒီတော့မှ ကျနော်သိခဲ့တယ်..နှစ်ပေါင်းများစွာ ဝေးကွာသွားပေမယ့် ပြန်တွေ.လိုက်ကြတဲ့အချိန်မှာ တကယ့် လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းတွေလိုပဲ ဖြစ်နေခဲ့တယ်..ခရစ်စမတ်ည ကုန်လွန်သွားပေမယ့်လည်း သူ.ခွင့်ရက်ကမကုန်သေးတဲ့ အတွက် ကျနော်တို.တွေ.ပြီး စကားပြောချိန်တွေ ရခဲ့တယ်..သူက တနယ်တကျေးမှာ အင်ဂျင်နီယာ အဖြစ်တာဝန်ထမ်းဆောင်နေပြီး တောင်ကြီးမှာ သူ.ကောင်မလေးရှိတယ်လို. ကြွားသေးတယ်...ကျနော့်ကိုလည်း
" နင်ကပိန်နေတော့ ဘယ်သူကကြိုက်မလဲ " တဲ့ ..ပြီးတော့ ကျနော်တို.သရဲအကြောင်းဆက်ပြောကြတယ်.. " မင်းပျို ငါသေရင်နင့်အိမ်လာခဲ.မယ် နင့်ခြေထောက်ကိုလာဆွဲမယ်တဲ့ "
" ငါကသူရဲ မကြောက်ဘူး နင်သာလာခဲ့ပါ " လို.ပြန်ပြောခဲ့တယ် ..သူကတော့ရီနေလေရဲ.
သူခွင့်ရက်ပြည်.လို.ပြန်သွားပြီးနောက်ပိုင်း ကျနော်လည်း အလုပ်တွေရှုပ်နေခဲ့ပါတယ်..တရက် အလုပ်သွားခါနီး ကျနော့်ခြံဝင်း တံခါးဖွင့်သံကြားလို. ပြေးကြည်.မိရာ ဘယ်သူမှမရှိပါဘူး ..ကျနော့်စိတ်တွေ လေးကန်စွာနဲ.ပဲ အလုပ်သွားခဲ့တယ်..ကျနော် အလုပ်ကပြန်လာချိန်မှာတော့ သတင်းဆိုးတခုကြားခဲ့တယ် ..ကျနော်.ရဲ. ချစ်လှစွာသော ငယ်သူငယ်ချင်းလေး သေဆုံးသွားလေပြီ..အလုပ်ကိစ္စနဲ. ပဲခူးကိုအသွား ဆိုင်ကယ်မှောက်ပြီး ဆုံးသွားခဲ့ပြီ...
" ဘယ်တုန်းကဆုံးတာလဲ သိကြလား ဟင် "
" ဒီမနက် ၈ နာရီလောက်တုန်း ကပဲ ဖုန်းလာတော့ သူ.အမေတွေသွားတာ အသက်တောင်မမှီလိုက်ဘူး "
ကျနော့်သူငယ်ချင်းလေး ရုပ်အလောင်းကို ပဲခူးမှာတင် သင်းဂြိုလ် လိုက်ကြတဲ့အတွက် ကျနော် မျက်နှာလေးတောင် မမြင်လိုက်ရပါဘူး..သူမရှိမှတော့ ကျနော်သူ.အိမ်လည်းမသွားချင်တော့ပါ..
ကျနော်ဒီနေ.ထိ သူ.ပြောစကားတွေကို နားထဲကြားနေဆဲ ပါ..သူဆုံးသွားစဉ် ကျနော့်ဆီကို လာသွားပါတယ်..ကျနော်မသိလိုက်ပါ..တံခါးဝမှာ ပြုံးပြီးကျနော့်ကိုကြည်.နေမယ့် သူ.မျက်နှာကို မြင်ယောင်ရင်း ကျနော်ကြည်နူးမိတယ် ပြီးတော့ တံခါးဝကို လာကြည်.ပြီးအိမ်ထဲပြန်ဝင်သွားတဲ့ ကျနော့်ကျောပြင်ကို ကြည်.ရင်း ၀မ်းနည်းသွားမယ့် သူ.မျက်နှာကို မြင်မိရင်းလည်း ကျနော်
ဝမ်းနည်းမိပြန်တယ်.. သူဆုံးစဉ်က စပြီး ဒီနေ.ထိ ကျနော်သူ.ကို သတိတရနဲ. ၀မ်းနည်းနေဆဲပါ...



ကျနော်ရေးထားသော အကြောင်းများသည် တကယ့်အဖြစ်အပျက်များ ဖြစ်ပါသည်...



MySpaceGraphicsandAnimations.net

Friend Graphics provided by MySpaceGraphicsandAnimations.net



********

Labels: