မင်းလွင်ပြင်

လွင်ပြင်မှာ အပြုံးတွေနဲ.ဆုံကြမယ်နော်..

Wednesday, April 29, 2009

ခရမ်းသီးနှပ် ( အစပ် )



ခရမ်းသီးကို ရေဆေး ပြီးရင်ပါးပါးလှီး
ကြက်သွန် ဖြူ .နီ ကို ငရုတ်သီးမှုန်.နဲ.ရောထောင်း ညက်ရင်
အိုးတလုံးထဲမှာ လှီးထားတဲ့ခရမ်းသီးရယ် ထောင်းထားတဲ့ ကြက်သွန်နှစ် ၊ ဆီများများ၊ အငံ နဲ. အချိုမှုန်.ထည်.
ပြီးရင် ခရမ်းသီးကို ကျေအောင်နယ်ပါနော် ၊ ကျေသွားပြီဆိုရင် လှီးထားတဲ့ငရုတ်သီးစိမ်းတွေ ထည်.ပြီး ယောက်မနဲ.နယ်နော် လက်တွေစပ် ကုန်မယ်...စိတ်ကြိုက်နယ်ပြီးရင် မီးဖိုပေါ်တင်ပြီး မီးအနေတော်နဲ.တယ်လိုက်သိလား။ ဆီပြန်လာပြီဆိုရင် အရသာလေးမြည်းကြည်. စိတ်ကြိုက်ဖြစ်ပြီဆိုရင် စားလို.ရပြီ..ကျနော်ကတော့ ချက်ပြီးပြီးချင်းမစားဘူး နောက်နေ.မှစားတယ် အရသာ ပိုကောင်းအောင်လို.လေ...ဆီနည်းရင်တူးကုန်မယ်နော် ဆီများများထည်. ။
သူငယ်ချင်းတွေ မြိန်ရေယှက်ရေ စားသွားကြနော် အားမနာနဲ.
**********

Labels: