မင်းလွင်ပြင်

လွင်ပြင်မှာ အပြုံးတွေနဲ.ဆုံကြမယ်နော်..

Friday, August 14, 2009

သေချာကြည့်ကြနော်


ဒီပုံမှာ ဘာတွေတွေ.လဲ သူငယ်ချင်းတို.
**********

အိမ်တွင်းစီးပွား

" မီးရေ ကိုအလုပ်ကပြန်လာပြီဟေ့ "
"လာပြီ ကိုရေ မီးဟင်းချက်နေလို."
" မီးက ထူးထူးဆန်း ဆန်းဟင်းတွေဘာတွေချက်လို. ပါလား ၊ ကို.ဆီကလည်းပိုက်ဆံမတောင်းဘူး "
"အို .. ကိုကလည်းအခုမီးက အိမ်တွင်းစီးပွားရေးလုပ်နေတယ်..အဆင်ပြေတယ်ကိုရဲ."
"အလဲ့ ကို. မိန်းမက တကယ်တော်ပါလား ပြောပါဦးဘာအိမ်တွင်းစီးပွားလဲ.. "
"နောက်တော့သိမှာပေါ့ကိုရယ် လာထမင်းစားမယ် "
"အေးပါကွာ "
ကျနော်သည်စာအုပ်စာပေလူ.မိတ်ဆွေ ဆိုသည့်အတိုင်း စာအုပ်အများအပြားဝယ်ယူဖတ်ရှုပြီး သိမ်းထားလေ့ရှိပါတယ် .. မိန်းမကလည်းသဘောကောင်း လှသဖြင့် မ၀ယ်နဲ.လို.တခါမှမပြောပဲ သူကိုယ်တိုင်စာအုပ်တွေကို ပိုးမစား। ခြမကိုက်အောင်ဂရုစိုက်တတ် သေးတယ်။
တနေ.ကျနော်နှစ်ပေါင်းများစွာက ၀ယ်ထားသောဝတ္ထု စာအုပ်ဟောင်းလေးအားပြန်၍ ဖတ်ချင်သဖြင့် ဇနီးသည်အား
" မီးရေ ကို မြသန်းတင့် စာအုပ်လေးပြန်ဖတ်ချင်လို.ဘယ်နားမှာတွေ.မိလဲကွာ..မီးသိမ်းထားတဲ့စာအုပ်အဟောင်းတွေရော"
"ကိုကလည်းကို.စာအုပ်ဟောင်းတွေ ကိုစားလိုက်ပြီလေ॥"
" မီးကလဲကွာ မနောက်ပါနဲ।"
" တကယ်ကိုရဲ.မီးရဲ. အိမ်တွင်းစီးပွားဆိုတာ ကို.ကိုစာအုပ်အသစ်တွေ ၀ယ်ခိုင်းပြီး အဟောင်းတွေကိုမီးစာအုပ်ဆိုင်မှာပြန်ရောင်းလိုက်တယ်॥အဲဒိကရတဲ့ပိုက်ဆံနဲ. ကို.အတွက် ဟင်းကောင်းတွေချက်ကျွေးနေတာပေါ့ "
"ဟေ..."
ကျနော်မီးကို ဘာမှပြန်မပြောမိပဲ အံ့သြတကြီးနဲ. ကြည်.နေမိပါတယ်။ ကျနော့်မျက်စိထဲမှာတော့ စာအုပ်အဟောင်းပုံကြီးတလှည့် နေ.စဉ်စားနေခဲ့တဲ့ဟင်းကောင်းတွေကို တလှည့်မြင်ယောင်ရင်း ကျနော့်မိန်းမရဲ.အိမ်တွင်းစီးပွားဆိုတဲ့ အဓိပါယ်ကို ကောင်းကောင်းကြီးနားလည်လိုက်ပါတယ်..
**********
ကျနော့်ရဲ. စိတ်ကူးယဉ်ဇာတ်လမ်းကို ဖတ်ကြတဲ့သူငယ်ချင်းတွေကိုကျေးဇူးတင်ပါတယ်..

Labels: