မင်းလွင်ပြင်

လွင်ပြင်မှာ အပြုံးတွေနဲ.ဆုံကြမယ်နော်..

Thursday, June 4, 2009

ကျနော်. အကြောင်း

ဒါက ဧရာဝတီမြစ်ကြီးနဲ.ပါ


ဒါကအဖွားနဲ. ပုံပါ..

ဒီနေ.တော့ ဘယ်သူမေးမေး မမေးမေး ပျို အကြောင်းကိုရေးမယ်နော်..စိတ်မ၀င်စားလို.မဖတ်ဘူးဆိုရင်လည်း စိတ်မ၀င်စားပါ လို.ပြောခဲ့လို.ရတယ်...ရေးပြီ

ဇူလိုင်လရဲ.မိုးညတညမှာ မိုးရေစက်တွေနဲ.အပြိုင်လောကထဲကိုရောက်ခဲ့တယ်..အဖွားပြောတော့ မွေးခါနီး သူနာပြုဆရာမသွားခေါ်တုန်းက မိုးသည်းသည်းမဲမဲနဲ. လမ်းမပေါ်မှာရေကဒူးခေါင်းလောက်ရှိတယ်တဲ့ ..မိုးရွာတဲ့အပြင် ညသန်းခေါင်ဆိုတော့ မှောင်မှောင်မည်းမည်းနဲ.ပေါ့...မွေးပြီးတော့လည်း အိမ်နီးနားချင်းတွေဆိုရင် ဘယ်တော့မှကလေးငိုသံမကြားရဘူး ..အဲဒိကလေးလေးက အရုပ်လေးတွေနဲ.ထားထားရင် လည်း ငြိမ်ငြိမ်လေးဆော့နေသတဲ့..ဘယ်တော့မှဂျီမကျဘူးတဲ့ကွယ်...ကလေးလေးရဲ.အဖွားကတော့ မြေးဦးလေးမို. သိပ်ချစ်ရှာတယ်..မြင်တဲ့သူတွေတိုင်း ကလေးလေးကိုချစ်သလို ကလေးကလည်းလက်မရွေးဘူး အချီခံတယ်တဲ့...အဲဒိကလေးက ၅နှစ်မပြည်.ခင်မှာ သူငယ်တန်းတက်ရတယ် အပျော်ပေါ့ ..စာတော်လွန်းတဲ့သူဟာတနှစ်တတန်းပုံမှန်တက်လာပြီး အရွယ်ရောက်လာတယ်ကွယ်..အမြဲတယောက်တည်းနေပြီး စာအုပ်ဖတ်ရတာအလွန်နှစ်သက်သတဲ့ ထမင်းစားရင်တောင် စာအုပ်ဖတ်ရင်းထမင်းစားသတဲ့...သူဖတ်တဲ့စာအုပ်တွေကလည်း
လူဝင်စားအကြောင်းနဲ. တမလွန်အကြောင်း၊ ဂမ္နီရအကြောင်းတွေပေါ့ကွယ်..ထူးခြားတာတခုက သူ.မှာအချစ်တခုတည်းရှိတယ်...မိဘ ၊ သူငယ်ချင်းတွေ နဲ.မိတ်ဆွေတွေအပေါ် ထားတဲ.အချစ်က တပြေးညီတည်းအတူတူပဲတဲ့ကွယ်..သူကဘယ်သူပြောတာမှ နားမထောင်ပဲသူလုပ်ချင်တာကို အေးအေးဆေးဆေးပဲလုပ်သွားတတ်တယ် ..သူ.စိတ်ထဲမှာ မနှစ်သက်ရင် သူမနှစ်သက်တဲ့သူနဲ.
ဝေးရာမှာနေလေရဲ. ။သူ.ကိုချစ်တဲ့သူတွေရှိသလို အပြစ်မြင်ပြီး မုန်းတဲ့သူတွေလည်း ရှိတယ်..သူ.စိတ်ထဲမှာ စာအုပ်တွေနဲ. သူငယ်ချင်းတွေပဲရှိတယ်..သူကထမင်းကို ပူပူ ၊အေးအေး စားနိုင်သလို ဘာမှမရှိပဲ ငပိရည်နဲ.စားရလည်း ဘာမှမပြောဘူးတဲ့.. သူ.အဖွားကိုတော့တော်တော်လေးချစ်ရှာသတဲ့..သူကစက်ပစ္စည်းတွေ ကလိတာလည်း ၀ါသနာပါသလိုပဲ...အရုပ်လေးတွေနဲ. ဖန်စီပစ္စည်းလေးတွေလည်း စုတတ်တယ် ၊ တက္ကသိုလ်နောက်ဆုံးနှစ်ရဲ.စာမေးပွဲကို နှစ်ရက်သာ ဖြေပြီး ကျန်တဲ့ရက်တွေသွားမဖြေတော့တာလည်း ဒီနေ.ထိပါပဲ..ဒါကတော့စောမင်းပျိုဆိုတဲ့ ကျနော်.ရဲ.အကြောင်းပါပဲ...
**********

Labels: