မင်းလွင်ပြင်

လွင်ပြင်မှာ အပြုံးတွေနဲ.ဆုံကြမယ်နော်..

Saturday, May 16, 2009

ဝက်နားရွက်သုပ်





သူငယ်ချင်းတို.ရေ ပျို.ဘလောဂ်ကိုပြင်ဆင်နေတဲ့အတွက် ဘာမှမရေးဖြစ်တာကြာပြီ..၀က်နားရွက်သုပ်အကြောင်းရေးပေးမယ်နော်..စားလို.ကောင်းရင် ယူချင်ယူသွားဦးနော်..
အသုပ်အတွက်အပြင်အဆင်
...............................................
..၀က်နားရွက်ကိုရေနွေးနဲ.ဆေးပြီး ဓားနဲ.ခြစ်ပါ..အပေါ်ယံပဲခြစ်နော်
..စိတ်ကြိုက်အရွယ်လှီး လက်သုံးလုံးလောက်ဆို အတော်ပဲ
..ဆား ၊ သကြား ၊ ပဲငံပြာရည်အပြစ် ၊ရှလကာရည် သုံးစက်လောက် (နားရွက်အနည်းအများပေါ် မူတည်ပြီးထည်.ပါ)
..ကြက်သွန်ဖြူ ဓါးပြားရိုက် တမွှာနဲ. ရေ ဟင်းချိုသောက်ဇွန်း၎ဇွန်း ထည်.ပြီး မီးနွေးနွေးနဲ.တယ်ထားနော်..
..သခွါးသီးခြစ်ထား ၊ ဂေါ်ဖီလှီးထား ၊ ဆီချက်တွေဘာတွေချက်ထား
ဟင်းခါး
..ရေနွေးပွက်ပွက်ဆူရင် ကြက်သွန်ဖြူဓါးပြားရိုက်ထားတာနဲ. ပုဇွန်ခြောက်မှုန်.နဲ.ထည်.ပါ
..ရေဆေးထားတဲ့ မြင်းခွာရွက်ထည်.ပြီး အဖုံးအုပ်ထား ဆူလာရင် ဆား၊ အချိုမှုန်. သင့်သလိုထည်. ခဏနေရင်မြည်းကြည်.
..လျှာကျက်မယ်နော် သတိထား..ပျို ခဏခဏလျှာကျက်လို.ပါ..
သုပ်တော့မယ်နော်
..၀က်နားရွက်လေးတွေကို ပါးပါးလှီး ၊သခွါးသီး နဲ. ဂေါ်ဖီခြစ်ထားတာထည်.(အနည်းအများတော့ ကိုယ်ကြိုက်သလိုပဲ..ပျိုကတော့
ဝက်နားရွက် အများကြီးထည်.တယ်...
..ပဲမှုန်.အကျက် ၊ ငံပြာရည် ၊အချိုမှုန်. ၊ငရုတ်သီးအကျက်မှုန်. ၊သံပရာရည် (သို.) ရှောက်ရည်ထည်. ၊ဆီချက် ၊ကြက်သွန်ဖြူ ၊နီ ကြော်ထည်. ၊ ကြက်ဖငရုတ်ဆီလေးထည်.ရင် အရောင်လည်းလှတယ် စားလို.လည်းကောင်းတယ်..
..အားလုံးကိုသမအောင် နယ်ပြီးရင်မြည်းကြည်.လိုက်ပါ .သူငယ်ချင်းတို.ရဲ.ဗိုက်ကဗိုက်က ဆာကြောင်းပြောလာပါလိမ့်မယ်။ တကယ်ပြောတာ.. အဲဒိဝက်နားရွက်သုပ်လေးကို မြင်းခွာရွက်ဟင်းခါးလေးနဲ.သောက်လိုက် လျှာထဲမှာစိမ့်သွားမယ်.. စားနေရင်းနဲ.စပ်ရင် စပျစ်သီးလေးစားလိုက် ..အို ကောင်းမှကောင်း

**********

Labels: