မင်းလွင်ပြင်

လွင်ပြင်မှာ အပြုံးတွေနဲ.ဆုံကြမယ်နော်..

Sunday, June 21, 2009

ရေထဲမှ ဖခင်များ


ကျနော်ကြားဖူးတဲ့ ပုံပြင်လေးတပုဒ်ပါ ..
တခါက ဧရာဝတီမြစ်ထဲမှာ ငါးကြီးတွေနေထိုင် ကျက်စားကြသတဲ့...ဒီလိုနေထိုင်သွားလာနေကြရင်း ငါးမကြီးတွေ ဥဥတဲ့အချိန်ရောက်လာလေရောတဲ့ ... ငါးကြီးတွေဟာ ငါးမကြီးတွေနဲ.ဗိုက်ထဲမှာရှိတဲ့ငါးကလေးတွေ အတွက်ပါ ကြိုးစားပြီး အစာတွေရှာကြလေရဲ. ဒါပေမယ့်ကွယ် ကိုယ်ဝန်သယ်ငါးမကြီးတွေဟာ ခင်ပွန်းသည်ငါးကြီးတွေ ရှာပေးတဲ.အစာတွေနဲ.မလုံလောက်နိုင်အောင်ကို အမြဲ ဆာလောင်မွတ်သိပ်နေသတဲ့...တနေ.တော့ငါးမကြီးတွေ အကောင်ပေါက်သတဲ့ ဒီတော့ ခင်ပွန်းသည်ငါးကြီးတွေဟာ ငါးမကြီးတွေနဲ. ကလေးတွေအတွက်အစာပိုရှာရတာပေါ့ ....ငါးမကြီးတွေနဲ.ငါးလေးတွေဟာ အစာမလုံလောက်လို.အမြဲ ဆာလောင်နေတတ်သတဲ့ ..ဒါကိုသိတဲ့ငါးကြီးတွေဟာ သူတို.ချစ်ရှာလွန်းတဲ့ငါးမကြီးတွေနဲ.ငါးလေးတွေကို ရှာလို.ရလာတဲ့အစာတွေအပြင် သူတို.ကိုယ်ပေါ်မှာ ကပ်နေတဲ့ အစာတွေကိုပါ စားစေသတဲ့....ဆာလောင်နေတဲ့ငါးလေးတွေဟာ ငါးကြီးတွေကိုယ်ပေါ်က အစာတွေအပြင် အသားစတွေကိုပါ စားမိသတဲ့...ငါးကြီးတွေက သားသမီးတွေကိုချစ်ရှာလွန်းလို. ဘာမှမပြောပဲ ဗိုက်ဝတဲ့အထိ ဆက်စားစေသတဲ့ ..သားသမီးတွေ ဗိုက်ဝတဲ့အချိန်မှာတော့ ငါးကြီးတွေဟာ အသက်မရှိတော့တဲ့အပြင် အရိုးပဲ ကျန်တော့ရှာတယ်ကွယ်.. ဖခင်စိတ်အပြည်. နဲ. သားသမီးတွေကို သိပ်ချစ်ရှာတဲ့ငါးကြီးတွေ ရဲ. အရိုးတွေဟာ ဒီနေ.ထက်ထိ
ဧရာဝတီမြစ်ကြီးရဲ. ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေကြလေရဲ.ကွယ်..

**********

Labels: