မင်းလွင်ပြင်

လွင်ပြင်မှာ အပြုံးတွေနဲ.ဆုံကြမယ်နော်..

Friday, June 26, 2009

က္ကုတ္ထိယဧ။် လက္ခဏာ

သိပြီးသူတွေလည်း ထပ်သိသွားအောင် ၊ မသိသေးတဲ့သူတွေလည်း သိအောင် ဆရာ ဦးစိန္တာ ရေးထားတာကို ပြန်လည် ကူးယူမျှဝေခြင်းဖြစ်ပါတယ်..

အကြင်မိန်းမသည် သလုံးမြင်းခေါင်းကြီးအံ့ ၊ ခြေမွေးလက်မွေးများအံ့ ၊ လက်ကတီးကြားမှ ချွေးများစွာ ထွက်အံ့ ၊ နှုတ်ခမ်းကြီးအံ့ ၊ရယ်ရွှင်တတ် ငိုကြွေးတတ်အံ့ ထိုမိန်းမမျိုးသည် လင်ဧ။်အတင်းကို ပြောတတ်သည်။

အကြင်မိန်းမသည် အသံကြီးအံ့ ၊ လင်ယောကျာ်းကို ငြင်းခုံတတ်ဧ။် ၊ အမျိုးယုတ်လျက် မြတ်လေဟန်မူရှိ၍ ဆိုတတ်ဧ။် ၊ ထိုမိန်းမတို.ကို သားသမီး တစ်ရာပင်ရသော်လည်းစွန်.ပစ်အပ်ဧ။် ။

အကြင်မိန်းမသည် သွားကြီးအံ့ ၊အသူရာဧ။် အသံကဲ့သို.သော အသံရှိအံ့ ၊ထိုမိန်းမသည် ဘီလူးနှင့်တူသော မိန်းမတည်း ၊ ထိုမိန်းမနှင့် ရသော ယောကျာ်းသည် သေဆုံးတတ်သည် ။

အကြင်မိန်းမသည် ကြာကဲ့သို.နှုတ်ခမ်းရှိအံ့ ၊ ထန်းသီးမှည်.ဧ။် အညှာကဲ.သို. ကွမ်းမစားဘဲ နီသောနှုတ်ခမ်းရှိအံ့ ၊ ရှုချင်စဖွယ် ငြိမ်သက်သောက္ကုနြေ္ဒရှိအံ့ ၊မျက်နှာလပြည်.၀န်းကဲ့သို.ရှိအံ့ ၊ထိုမိန်းမသည် ဘုန်းရှိသော မိန်းမတည်း၊ လင်ကို ရိုသေတတ်ဧ။် ။ မြတ်သောအိမ်ရှင်မဖြစ်ထိုက်ဧ။် ။

အကြင်မိန်းမသည် ခြေမွေး လက်မွေးများအံ့ ၊ မျက်ရည်ခံ အမာရွတ် မှဲ. ရှိအံ့ ၊လက်ကတီးကြား ချွေးထွက်အံ့ ၊နှုတ်ခမ်းကြီးအံ့ ၊၀မ်းမွေးပျောက်အံ့ ၊ မျက်တောင်မွေးမရှိ ၊မျက်စိကန်းသကဲ့သို.ရှိအံ့ ၊ တင်ဆုံကြီးအံ့ ၊ ထိုမိန်းမသည် လင်ကိုသတ်တတ်သည်။

အကြင်မိန်းမသည် သားမြတ်ကြားစိတ်အံ့ ၊သားမြတ်ကြီးအံ့ ၊သားမြတ်စေ့အံ့ ၊ ရင်ကြားစေ့အံ့ ၊လည်ကျယ်အံ့ ၊ ကြာသွတ်အိုးကဲ့သို.ရှိမူ ထိုမိန်းမသည် စည်းစိမ်ကြီးသောလက္ခဏာတည်း ။ ကိုယ်နှုတ်နှလုံးစောင့်စည်းအံ့ ၊ လင်ကိုရိုသေအံ့ ၊ အသက်ကြီးသောသူ ၊ဂုဏ်ကြီးသောသူ ၊မိဘပညာရှိတို.ကို ရိုသေအံ့ ။ဥစ္စာ ပစ္စည်းကိုစောင့်ရှောက်အံ့ ၊ ထိုမိန်းမမျိုးကို အိမ်ထောင်ပြုထိုက်သည်။

ဆက်ရန်....
**********

Labels: