မင်းလွင်ပြင်

လွင်ပြင်မှာ အပြုံးတွေနဲ.ဆုံကြမယ်နော်..

Wednesday, February 4, 2009

နတ်သျှင်မြေမှ တားမြစ်သံ

နတ်သျှင်မြေမှ ရင်ဖွင့်သံ အမည်ဖြင့်ရေးသားထားသော ကဗျာများသည် နတ်သျှင်မြေတွင်နေထိုင်ကြသော စာပေ၀ါ သနာပါသူလူငယ်တစုဧ။် ကိုယ်ပိုင်ခံစားရေးဖွဲ.ထားသောကဗျာများ ဖြစ်သဖြင့်ကူးယူဖော်ပြခြင်းမပြုလုပ်ရန်မေတ္တာရပ်ခံပါတယ်...
**********

ချစ်သူသိစေ

ဖြူစင်မြတ်နိုး
တိတ်တခိုးချစ်
တိုးတိုးညင်သာ
ပြောချင်ပါတယ်
ကြင်နာရသော ကောင်မလေး။
အတွေးထဲမှာ
မြင်ယောင်လာရ
မျက်နှာလှလှ
ကြည်.မ၀တဲ့
ချစ်ရပါသော ကောင်မလေး။
မေတ္တာထုံမွှမ်း
သည်ဦးပန်းကို
အနမ်းပွင့်ချွေ
ကမ်းလင့်နေသည်
လွမ်းစေခြင်းတို.ဝေးစေသား။ ။
နတ်သျှင်မြေမှ ရင်ဖွင့်သံ
*********************************

အခမဲ့နှလုံးသား

ကံကြမာဟာ
တစ်ခါတစ်ခါ မျက်နှာသာမပေးတတ်သူ။
သံသရာဟာ
မကြာမကြာ အချက်အချာရွေးတတ်သူ။
အမှန်မှာ
ငါဟာ...တစ်သက်တာဆွေးတတ်သူ။
အဲသည်လူကိုမှ
ကြည်ဖြူမလို
ကလူသလိုမူနွဲ.
အိမ်မက်တွေဖွဲ.
ညကိုလရောင် နဲ.မြူဆွယ်
ရင်ခုန်သံကြယ်တွေပွင့်ချင်တိုင်းပွင့်။
သည်လိုနဲ.
ညဉ်.နက်နက်ကုန်ဆုံး
နေ.ဟာပြက်လုံးတွေနဲ. ရယ်မောနှိုးထ
အဲဒိခဏ....
ညဟာ...
အိမ်မက်ထဲမှာ တစ်ရေးရလို.။ ။

နတ်သျှင်မြေမှ ရင်ဖွင့်သူများ

***************************************************