မင်းလွင်ပြင်

လွင်ပြင်မှာ အပြုံးတွေနဲ.ဆုံကြမယ်နော်..

Wednesday, January 7, 2009

ကျနော်ဖတ်မိသော ဟာသနံပတ် ၁

မအောင့်နိုင်လို့

ဇန်န၀ါရီ ၂၅ ရက်၊ ၂၀၀၇ ခုနှစ်။

ပင်လယ်ပြင်တွင်သင်္ဘောပျက်၍ အသက်ကယ် ဖောင်လေးနှင့် လွတ်မြောက်လာသူ သုံးဦး သည် ကျွန်းတကျွန်းပေါ်သို့ ဆိုက်ရောက်လာသည်။

ထိုကျွန်းပေါ်ရှိ လူသားစား လူရိုင်းများက ၎င်းတို့ကို ဖမ်းဆီး လိုက်ကာ လူရိုင်းဘုရင်ထံ ခေါ်ဆောင်သွား သည်။

လူရိုင်းဘုရင်က “အေး ဒီကျွန်းပေါ် ရောက်လာသူတွေကို ငါတို့က သတ်စားလေ့ရှိတယ်။ ဒါပေမယ့် မသတ်ခင် မှာတော့ အခွင့်အရေး တခုပေးတယ်။ အဲဒါက မင်းတို့ တွေ တနာရီ အတွင်းမှာ သစ်သီး ၁၀ လုံးစီ ယူလာဖို့ပဲ။ အဲဒါ မင်းတို့ သစ်သီး ဆယ်လုံးစီ အမြန်သွားရှာခဲ့ကြ။”

လူသုံးယောက်အပြေးလေး ထွက်သွားကြသည်။

ပထမဆုံးလူက ပန်းသီး ဆယ်လုံးကောက်ယူ၍ ပြန်ရောက်လာသည်။

ထိုအခါ လူရိုင်းဘုရင်က “အဲဒီ ပန်းသီး ဆယ်လုံးကို မင်းစအိုထဲကို တလုံးချင်း သွင်းရမယ်။ မင်း မျက်နှာမှာ ဘာခံစားချက်မှ မပြရဘူး။ တကယ်လို့ မင်းမျက်နှာမှာ တစုံတရာ စိတ်ခံစားမှုပြသရင် မင်းကို သတ်စားမယ်။”

ပထမလူက အကောင်းဆုံး ကြိုးစားသည်။ သို့သော် သုံးလုံးမြောက်တွင် နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားမိ၏။ ထိုသူ ချက်ချင်း အသတ်ခံလိုက်ရသည်။

ထို့နောက် ဒုတိယလူ ပြန်ရောက်လာ၏။ သူ့လက်တွင် ညောင်သီး ဆယ်လုံး ပါလာသည်။ လူရိုင်းဘုရင်က သူ့ကို ပထမ လူအတိုင်း စေခိုင်းသည်။ ဒုတိယ လူက သူ့အတွက် အခက်အခဲမရှိနိုင်ကြောင်း သိ၍ ၀မ်းသာသွား သည်။ သို့သော် ၉ လုံးမြောက် ညောင်စေ့ သွင်းပြီး ချိန်တွင် မအောင့် မအီးနိုင် ရယ်မောလိုက်မိသည်။ ထို့နောက် အသတ်ခံလိုက်ရသည်။

သေဆုံးသွားသူ နှစ်ယောက်တို့ တမလွန်ဘ၀တွင် ဆုံဆည်းမိကြ၏။

ပထမလူ - “ဟေ့ကောင် မင်းတော်တော်ညံတဲ့ကောင်ပဲ။ ငါ့ရဲ့ပန်းသီးတွေက အကြီးကြီးတွေမို့ ထားပါတော့၊ မင်းညောင်သီးလေးတွေက ဘာခက်တာမှ မဟုတ်ဘူး။ အဲဒါ မင်းက ဘာလို့ အောင်မြင်ခါနီးကျမှ ရယ်ရတာလဲ။”

ဒုတိယလူ - “မင်းငါ့ကို အပြစ်မတင်နဲ့။ မင်းလည်း ငါ့နေရာမှာဆို ဒီလိုဖြစ်မှာပဲကွ။”

ပထမလူ - “ဘယ်လိုဖြစ်လို့လဲကွ။”

ဒုတိယလူ - “ဘယ်လိုဖြစ်ရမလဲ ငါ့ကို ညောင်သီး ၉ လုံးသွင်းပြီးသွားတဲ့ အချိန်မှာ ဟိုကောင်က ဒူးရင်းသီးကြီး ဆယ်လုံး ထမ်းပြန်လာတယ်လေကွာ---”








**********

ကျနော်ဖတ်မိသော ဟာသတပုဒ်

ဖေဖေါ်ဝါရီလ ၃ ရက်၊ ၂၀၀၇ ခုနှစ်။

ကိုဘမောင် တယောက် မိန်းမ ရသည်မှာ နှစ်ပေါင်း အတော် ရှိလာပြီ ဖြစ်သည်၊

လွန်ခဲ့သည့် လ အနည်းငယ်မှ စ၍ ပြဿနာ စလာခဲ့သည်၊

မိန်းမဖြစ်သူနှင့် ချစ်ကျွမ်းဝင်ရန် ကိုဘမောင် တယောက် မစွမ်းတော့၊

ဆရာဝန်များ တယောက်ပြီး တယောက် ပြောင်းပြသည်၊ ဆေးခန်း ပေါင်းစုံပြီ၊ အင်္ဂလိပ်ဆေး။ တိုင်းရင်းဆေး။ ဆေး မြီးတို စုံအောင် စမ်းပြီးပြီ၊ အဆင်မပြေ၊

ကိုဘမောင် မကျေနပ်၊ အပြင်မှာ တခြား အမျိုးသမီး များနှင့် ကျိုးစား ကြည့်သည်၊

အံ့သြဖွယ် ကောင်းသည်၊ အဆင်ပြေသည်၊

သို့သော် ကိုဘမောင် တယောက် မိမိမိန်းမနှင့်သာ ချစ်ကျွမ်းဝင်လိုသည်၊ သည်လိုနှင့် ဆေးခန်းမျိုးစုံ ထပ်လှည့် ပြန်သည်၊

အရင် တပတ် ကတော့ ကိုဘမောင် တယောက် စိတ်ရောဂါကု ဆရာဝန် တယောက်နှင့် တွေ့သည်၊ ဆရာဝန် ညွှန်ကြား သည့်အတိုင်း စမ်းကြည့်သည်၊ အောင်မြင်သည်၊

မိန်းမ ဖြစ်သူမှာလည်း စိတ်ကျေနပ်မှု ရသည်၊ ယောက်ျားဖြစ်သူ ကိုဘမောင် မိမိနှင့် ပြန်လည် ပျော်ပါး နိုင်ပြီ၊

သို့သော် ချစ်ကျွမ်း မ၀င်မှီ ၁၀ မီးနစ်- ၁၅ မီးနစ် ခန့် ကိုဘမောင် တယောက် ရေချိုးခန်း ထဲကို မိမိ ဓါတ်ပုံ ကိုင်ကိုင်ပြီး ၀င်သွားသည်ကို သတိထားမိ နေသည်၊ မိန်းမ သဘာဝ စပ်စုမိသည်၊ သိချင်သည်၊

ဒီတညတော့ ကိုဘမောင် နောက်တိတ်တိတ် ကလေး လိုက်ချောင်းမည်၊

ကိုဘမောင် ထွက်သွားသည်၊ ၅ မီးနစ် လောက်အကြာ တိတ်တိတ် ကလေး အိပ်ရာမှ ထကာ ရေချိုးခန်း သို့ အသံ မကြားအောင် ကပ်သွားသည်၊

ရေချိုးခန်း မှန်ရှေ့တွင် သူမဓါတ်ပုံကို တလှည့် သူ့ကိုယ်သူ မှန်ထဲတွင် တလှည့် ကြည့်ရင်း ပါးစပ် မှလည်း တတွတ်တွတ် ရွတ်နေသည်ကို တွေ့ရသည်၊ ကိုဘမောင် တယောက် အော်တိုဆပ်ဂျက်ရှင်း နည်းဖြင့် မိမိစိတ်ကို မိမိ နားချနေပုံ ရသည်၊ သူမ ပိုစိတ်ဝင်စား သွားသည်၊ အနားသို့ တတ်နိုင်သမျှ အသံ မထွက်အောင် ကပ်သည်၊ အသံ မသဲမကွဲ ကြားသည်၊ ထပ်တိုးသည်၊ အသံ နည်းနည်း ကြား ရသည်၊ နည်းနည်း ထပ်တိုးသည်၊ ကြားရပါပြီ၊

ကိုဘမောင် တယောက် သူမဓါတ်ပုံ ကြည့်လျက် သူ့ကိုသူ ပြောနေ သည်က -

“ဒါ ငါ့မိန်းမ မဟုတ်ဘူး- ဒါ ငါ့မိန်းမ မဟုတ်ဘူး” ဟူ၍ ဖြစ်သည်၊

**********