မင်းလွင်ပြင်

လွင်ပြင်မှာ အပြုံးတွေနဲ.ဆုံကြမယ်နော်..

Friday, July 17, 2009

မချစ်စုနဲ.ရင်ကွဲ


အလယ်တန်းကျောင်းလေးတခုက စတုတ္ထတန်းက ဇာတ်လမ်းလေးပါ..အသားဖြူဖြူ သွယ်သွယ် ဆံပင်ဂုတ်ဝဲ
နဲ.ကောင်မလေးမှာသူငယ်ချင်းလေးယောက်ရှိခဲ့တယ်..သဇင် ၊ မာလွင် နဲ.ယဉ်ဝင်းက အသက်၁၀နှစ်ကျော်ပေမယ့် ၊ယဉ်ဝိုင်းက အသက်၉နှစ်နဲ. ၊ကောင်မလေးက အသက်၈နှစ်ကျော်ပဲ ရှိသေးတယ်..သူငယ်ချင်းတွေက ကောင်မလေးကို ဘိုမလို.ခေါ်ကြသတဲ့...
တနေ.သူတို.စတုတ္ထတန်းကို ကောင်လေးတယောက် ကျောင်းပြောင်းလာတယ်..ကောင်လေးကလည်းချောချောလေးပဲတဲ့..မကြာခင်မှာပဲ ကောင်မလေးတို.အဖွဲ.နဲ.ကောင်လေးက သူငယ်ချင်းတွေဖြစ်သွားကြတယ်..အတန်းထဲမှာ စာရတဲ့သူက မရတဲ့သူကို နားရွက်ဆွဲရတဲ့အခါ ကောင်မလေးက ကောင်လေးအပါအ၀င်အခြားကျောင်းသားတွေကိုလည်း နားရွက်ဆွဲရတယ်..ကောင်လေးအလှည်.တွေမှာတော့ သူငယ်ချင်းဖြစ်တဲ့အတွက် မနာအောင်ဆွဲလေရဲ. ။တရက်သောနေ.ရဲ.
မုန်.စားဆင်းချိန်မှာ သဇင်နဲ.မာလွင်က ကောင်မလေးကို မုန်.စားတန်းကို ခေါ်သွားပြီး
"ဘိုမ နင့်ကိုဟိုတယောက်ကပေးစရာရှိလို.တဲ."
"ဘာလဲ"..
"နင်ကလဲသူပေးတာယူပြီး စကားလေးဘာလေးပြောလိုက် ပြီးရင်ဒါတွေပေးလိုက်"
သဇင်နဲ.မာလွင်က ကောင်မလေးကို တွန်းတွန်းတိုက်တိုက်နဲ.ကောင်လေးရှေ့ကို ပို.လိုက်ပါတယ်..ကောင်လေးက ကောင်မလေးကို မက်မန်းပေါင်းလေးတထုပ်ပေးရင်း
" နင်မက်မန်းပေါင်းကြိုက်လား ".." ကြိုက်တယ် ဂျင်းတွေတော့ငါမကြိုက်ပါဘူး.ရော့ဒီမှာ နင့်အတွက်တဲ့ ငါသွားတော့မယ်..."
ကောင်မလေးကကောင်လေးကို ရုပ်ရှင်မင်းသားမင်းသမီးပုံတွေပေးပြီးထွက်သွားပါတယ်..ကောင်မလေးမသိတာကတော့ သူငယ်ချင်းတွေက ကောင်လေးနဲ.လက်ဝါးရိုက်ပြီး အောင်သွယ်နေတာကိုပါ..
နှင်းတွေကျနေတဲ့တရက် ကောင်မလေးက ကျောင်းနားက ခရေပင်အောက်မှာ ခရေပန်းကောက်နေတုန်း ကောင်လေးရောက်လာပြီး ကောင်မလေးလက်ထဲကပန်းတွေကို လုသွားပါတယ်..ကောင်မလေးလည်း နောက်ကနေ ပြေးလိုက်ရင်း ကောင်လေးရဲ. ဂျာကင်အနီရောင်လေးကိုဆွဲလိုက်တဲ့အခါ..ဂျာကင်အိတ်ထဲကနေ စာတွေထွက်ကျလာရော...

" ဒါနင်ရဲ.ပြန်စာတွေလေ ငါ့ အိတ်ထဲမှာ အမြဲသိမ်းထားတာ.."

" ဒါ ငါပေးတဲ့စာတွေ.."

ကောင်မလေး စဉ်းစားရပါပြီ..ဒီကောင်လေးကို တခါမှ စာမပေးဘူးပါ..သူငယ်ချင်းတွေလက်ချက်ပဲဖြစ်မယ်..

ကောင်မလေးရဲ.ဒေါသကို သူငယ်ချင်းတွေလည်းတောင်းပန်လို.မရတော့ပါ..နောက်ဆုံးတော့ ဆရာမဆီကို ရောက်သွားပါတယ်..

" သမီး ဒီစာတွေသမီးရေးတာဟုတ်လား "

" သူငယ်ချင်းတွေက သူတို.အတွက်ရေးပေးပါဆိုလို. သူတို.ပြောသမျှတွေ ရေးပေးခဲ့တာပါ..ဒီကောင်လေးကိုလည်း တခါမှ မပေးဘူးပါဘူး..သူပေးတဲ့စာတွေဆိုတာလည်း တခါမှသမီးဆီမလာပါဘူး..သူနဲ.လည်း သူငယ်ချင်းပါပဲ ဘာစိတ်မှမရှိပါဘူး "

၇ှင်းပါပြီ..တကယ်တော့ သဇင်တို.က ကောင်မလေးကိုစာလိမ်ရေးခိုင်းပြီး ကောင်လေးကိုပေးတယ်..ကောင်လေးပေးတဲ့စာတွေကို သူတို.တွေ ဖတ်ကြတယ်..ဆရာမကလည်း ကောင်လေးမိဘတွေ ခေါ်ပြောတာပေါ့...ကောင်လေးအဒေါ်တွေက ကောင်မလေးကို ဘာပြောသွားလဲသိလား.." ငါ့တူနဲ.နင့်ကို သဘောမတူဘူးတဲ့.".. ဒီစကားတွေကို အသက်၈နှစ်အရွယ် ကောင်မလေးက ဘာနားလည်မှာလဲ..ဟုတ်တယ်နော်..အဲဒိကောင်လေးလဲ အတန်းထဲမှာ ရင်ကွဲဆိုတဲ့ ရာထူးရသွားပြီးတော့ ကျောင်းသူလေးတယောက်ကို မနှင်းဆီလို.နာမည်ပေးပြီး လိုက်ကြွေသေးတယ်..ဟိုက လှည်.တောင်မကြည့်ဘူး...နောက်တော့ အတန်းထဲက မချစ်စုဆိုတဲ့ ချစ်စရာကောင်းတဲ့ကောင်မလေးကို လိုက်ရောတော့ .. အားလုံးက သူတို.နှစ်ယောက်ကိုတွေ.ရင် မချစ်စုနဲ. ရင်ကွဲလို.ခေါ်ကြတယ်.. အဲဒိ ကောင်လေးရဲ.မိဘတွေက ကောင်လေးကို ကျောင်းထုတ်ပြီး ပြောင်းသွားကြတယ်လို. ကြားတာပဲ ...

၁၅နှစ်ကြာတဲ့အခါမှာတော့ ကောင်လေး မိန်းမယူသွားတယ် ၊ ကောင်မလေးကတော့ တယောက်တည်းပဲလို. သူငယ်ချင်းတွေ အသိုင်းအ၀ိုင်းမှာ ကြားရပြီးတော့...

နောင်၆နှစ် အကြာ ကောင်မလေးတယောက်က လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်း ကောင်လေးတယောက်ရောက်လာပြီး .." နင်ဒီမှာ ဘာလုပ်နေတာလဲ."." ထိုင်နေတာပေါ့ မမြင်ဘူးလား.".

" နင်ဒီလိုနေတာငါမကြည်.ရက်ဘူး ." ." ငါကဘာလုပ်နေလို.လဲ." ." ငါနဲ.နင်က အချစ်ဦးတွေပါဟာ နင့်စကားတွေက စိမ်းကားလိုက်တာ."." ငါ နင့်ကို ဘယ်တုန်းကမှ မချစ်ခဲ့တဲ့အတွက် အချစ်ဦးဆိုတာလည်းမရှိဘူး. နင်သွားမလား မသွားဘူးလား ငါပုလင်းနဲ.ရိုက်ထည့်လိုက်မယ်နော်.".

" နင်ရိုက်မယ်ဆိုရင် ရိုက်ပါဟာ.နင်စိတ်ချမ်းသာတာပဲ ငါမြင်ချင်တာပါ." ." နင်ငါ့ကိုစိတ်ချမ်းသာစေချင်ရင် ငါ့ရှေ.ကထွက်သွားပါ. ဘယ်တော့မှ ငါ့မျက်စိရှေ.ကို ပြန်မလာပါနဲ. " ကောင်မလေးက ပြောပြီး လှည့်ထွက်သွားတဲ့အချိန်မှာ ကောင်လေးလည်းထွက်သွားမယ်လို.ထင်ပါတယ်..



***မှတ်ချက်...ကောင်လေးကောင်မလေးကို စကားပြောတုန်းက ကောင်လေးကမူးနေပါတယ်..သူငယ်ချင်းတို. ကောင်လေးနဲ.ကောင်မလေးကို ဘယ်လိုမြင်တယ်ဆိုတာ ကျေးဇူးပြုပြီးပြောခဲ့ပေးပါ..

**********

Labels: